Cath Lab
နှလုံးနှင့် အခြားသွေးကြောရောဂါများ ရှာဖွေကုသခြင်း
နှလုံးရောဂါတွေနဲ့ ပတ်သက်ပြီး ဒီလိုဆိုရိုးစကားလေး ရှိတာ သိကြပါသလား”။ ပထမဆုံးပြတဲ့ ရောဂါလက္ခဏာနဲ့တင် အသက်ဆုံးရှုံးနိုင်ပါတယ် ” တဲ့။ မွေးဖွားလာတည်းက တစ်စက္ကန့်မှ မပြတ် တာဝန်ကျေကျေနဲ့အလုပ်များနေတဲ့ သင့်နှလုံးသားလေးထိခိုက်လာတဲ့အခါ အချိန်မီ တိကျသေချာတဲ့ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ဖို့ ဂရုပြုကြပါနော်။ နှလုံးသွေးကြောကျဥ်းရောဂါ အပါအဝင် နှလုံးနှင့် သွေးကြောရောဂါအားလုံးကို ထိရောက်စွာ စမ်းသပ်ကုသပေးနေတဲ့ Cath Lab ဌာနကို Dagon Medicare Hospital မှာ ဖွင့်လှစ်ထားတယ်ဆိုတာ သိပြီးကြပြီလား ? နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေကို Dagon Medicare Hospital ကြီးမှာ နိုင်ငံတကာ အဆင့်မီ စက်သစ်ကြီးများနဲ့ စမ်းသပ် စစ်ဆေးကုသပေးနေတဲ့ Cath Lab ဌာနဆီ လာခဲ့ဖို့အကြံပြုပါရစေ။
ဘယ်လိုရောဂါတွေကိုရှာဖွေကုသပေးနိုင်တာလဲ ?
- နှလုံးသွေးကြော ဓါတ်မှန်ရိုက်ခြင်း
- နှလုံးသွေးကြောချဲ့ကုသခြင်း
- နှလုံးနှိုးဆွခြင်း
- မွေးရာပါနှလုံးရောဂါအမျိုးမျိုးကိုမခွဲစိတ်ဘဲ (Device) ဖြင့်ကုသခြင်း
- နှလုံးအဆို့ရှင်ကျဥ်းခြင်းကို မခွဲစိတ်ဘဲ အဆို့ရှင်ချဲ့ကုသခြင်း
- လက်နှင့်ခြေထောက်ရှိ သွေးကြောကျဥ်းခြင်းကို Stent ထည့်၍ သွေးကြောချဲ့ကုသခြင်း
- သွေးပြန်ကြောသွေးခဲခြင်းကို ပြန်လည်ဖွင့်ပေးခြင်း
- အသည်းဆေးဖြန်းခြင်း နှင့် အခြားသောကုသမှုများကိုလည်းဝန်ဆောင်မှုပေးနေပါပြီ။
လူနာများကို ဘေးထွက် ဆိုးကျိုးနည်းနည်း ဖြင့် ရလဒ်ကောင်းများရရှိနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ Cath Lab စက်အသစ်ကြီးဖြင့် နောက်ဆုံးပေါ် software ကို အသုံးပြုကာ ဓာတ်ရောင်ခြည် နှင့် contrast ဆေးသုံးရသော ပမာဏတို့ကို လျှော့ချပေးနိုင်ပါသည်။ Biplane စက်အသုံးပြုထားသည့်အတွက် လူကြီးများတွင်သာမက ကလေးများကိုပါ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု ကို ပေးနိုင်ရန် ဝါရင့်ကျွမ်းကျင်သောအထူးကု ဆရာဝန်ကြီးများနှင့်အတူ Dagon Medicare Cath Lab Team မှ အဆင်သင့်ဖြစ်နေပါပြီ။
CATH LAB
Did you know there’s a saying about heart disease that goes: “The first symptom can be fatal”?
Please be mindful and get timely and accurate check-ups when your heart, which has been working tirelessly since birth, is affected. Did you know that Dagon Medicare Hospital has opened a Cath Lab department that effectively tests and treats all heart and vascular diseases, including coronary artery stenosis? Heart and vascular diseases are tested, examined, and treated with international-standard new equipment at Dagon Medicare Hospital Cath Lab department.
What diseases can be diagnosed and treated?
- Coronary angiography
- Coronary angioplasty
- Cardiac pacing
- Non-surgical treatment of various congenital heart diseases with devices
- Non-surgical valve dilation for heart valve stenosis
- Angioplasty with stent placement for stenosis of blood vessels in the arms and legs
- Restoration of blood clots in veins
- Hepatic artery infusion and other treatments are also offered.
To ensure patients receive good results with minimal side effects, the amount of radiation and contrast dye used can be reduced using the latest software on a new international-standard Cath Lab machine.
Because Biplane machines are used, the Dagon Medicare Cath Lab Team, together with experienced specialists, is ready to provide the best health care not only to adults but also to children.